Blogger Widgets Twitter Bird Gadget
ဒီနေရာလေးသည်နည်းပညာဖြန့်ဝေပေးနေသောနေရာတစ်ခုမဟုတ်ပါခင်ဗျာ နည်းပညာဘလော့ဆရာများ၏နည်းပညာများအားပြန်ကူးယူထားသောစာအုပ်လေးမျှသာဖြစ်ပါသည် နည်းပညာများကိုကျွန်တော်လိုတဲ့အချိန်အလွယ်အကူ၇ှာဖွေနိုင်အောင်တည်ဆောက်ထားခြင်းသာဖြစ်ပါသည်ခင်ဗျာ တောင်ငူသားလေး
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့အား ဦးထိပ်မှာပန်ဆင်လျှက် လာလည်ကြသူအပေါင်းတို့ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းလျှက်ပါ၊
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, November 1, 2014

Windows 8 မှာ Original Windows Images Files နှင့် System Image Backup Files တွေကို Restore ပြန်ထည့်နည်း

 အရင်ကပိုစ့်တွေမှာ Windows 7 နဲ့ Backup Files တွေကို သိမ်းနည်းနဲ့ Restore လုပ်နည်းတွေ ဖေါ်ပြပေးခဲ့တာ ဖြစ်ပြီး.. အခုဒီပိုစ့်ကတော့ Windows 8 တွေမှာ အသုံးပြုတတ်အောင်၊ မိမိတို့ကိုယ်တိုင် ဖန်တီးပြီး သိမ်းထားခဲ့တဲ့ System Image Backup Files နှင့်၊ စက်အသစ်ဝယ်ကတည်းက ပါလာတဲ့ Original Windows Images Files တွေကို ဒီပိုစ့်က နည်းတွေနဲ့ Restore လုပ်တတ်အောင် ပြပေးထားပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ ဝင်းဒိုးတွေမှာ Error တွေများလာတဲ့အခါနဲ့ ဝင်းဒိုးပျက်သွားတဲ့ အခါတွေမှာ ဒီပိုစ့်က လုပ်နည်းတွေက အရမ်းကို အသုံးဝင်တဲ့ လုပ်နည်း၊ အသုံးပြုနည်းတွေပဲ ဖြစ်ပါတယ်..။ အရင်တုန်းက ပိုစ့်မှာ Windows 7 နှင့် ပြပေးထားတာ ဖြစ်လို့.. အခု Windows 8 နှင့် အသုံးမှာတော့ မတူတဲ့ အပိုင်းလေးတွေ ပါလာပါတယ်..။ မိမိတို့ရဲ့ ဝင်းဒိုးဟာ မူရင်း Original Windows ဟုတ်မဟုတ် သိရအောင် ဒီလင့်ကပိုစ့်မှာကြည့်နည်း၊ စမ်းစစ်နည်းတွေ တင်ပေးထားခဲ့ပြီး ဖြစ်တယ်..။ နောက်တခုကတော့ System Image Backup Files ကို မိမိတို့ ကိုယ်တိုင် ဖန်တီးသိမ်းယူတတ်အောင် ဒီလင့်ကပိုစ့်မှာ ပြပေးထားခဲ့ပြီ။ Windows 8 မှာ ဆိုရင်တော့ Control Panel >> Windows 7 Files Recovery နေရာကနေ System Image Backup Files ကို သိမ်းယူရမှာ ဖြစ်ပါတယ်..။
Windows 7 နှင့် Windows 8 တွေမှာ အဝင်တစ်ချက် မတူတာက လွဲလို့ နောက်ပိုင်း လုပ်နည်းတွေက အတူတူပါပဲ..။ အရင်ပိုစ့်တွေမှာ Windows 7 နှင့် လုပ်ပြပေးထားတာ ဖြစ်ပြီး Bios Setting (Boot Menu) ကို ဝင်ရတဲ့ F2, F12, Esc စတဲ့ကီးတွေနဲ့ အလွယ်တကူ ဝင်နိုင်ပါတယ်..။ အခုနောက်ပိုင်း Windows 8 ပေါ်ပြီးမှ ထွက်လာတဲ့ စက်အသစ်တွေကတော့ Bios Setting (Boot Menu) ကို အဲ့ဒီကီးတွေနဲ့ ဝင်လို့ မရတတ်တော့ပါဘူး..။ တချို့စက်တွေမှာ Del (or) Esc ကီးတွေနဲ့ မိတတ်ပေမယ့်၊ တချို့စက်တွေမှာကျ ဘာကီးမှကို နှိပ်လို့ မရပြန်ဘူး..။ အဲ့လိုဖြစ်နေတဲ့ စက်မှာဆိုရင်တော့ Bootable ဖြစ်တဲ့ USB တပ်ထားပြီးမှသာ Bios Setting (Boot Menu) ကို ဝင်လို့ရတာလည်း ဖြစ်ဖူးပါတယ်..။ ဒါကြောင့် လိုလိုမယ်မယ် မိမိတို့မှာ Windows 8 နဲ့ ဝင်းဒိုးတင်လို့ ရတဲ့ USB and DVD တွေလည်း ရှိထားဖို့ လိုအပ်ပြန်ပါတယ်..။
အခုဒီပိုစ့်က လုပ်နည်းလေးကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို မူရင်း ဝင်းဒိုးရော၊ အရင်သိမ်းပေး ထားခဲ့ဖူးတဲ့ Backup နဲ့ပါ ပြန်ပြီး Restore လုပ်ပေးတဲ့အခါတုန်းက ရိုက်ယူထားတဲ့ ပုံတွေနှင့် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ လုပ်နည်းတွေကို အောက်မှာ ဆက်ကြည့်ပေးပါ..။

Monday, October 27, 2014

တစ်ကယ်လို့ သင့် Blog က ပို့စ်တွေနဲ့ Gadget တွေမှာ ဘောင်ခတ်ထားတာ မပါဘူးဆိုရင်..

Design >> Template >> Edit HTML ကို နှိပ်ပြီး </head> ကို ရှာပါ။ တွေ့ပြီဆိုရင် </head> ရဲ့ အပေါ်မှာ

အောက်မှာ ပေးထားတဲ့ ကုတ်လေးတွေကို ထည့်ပြီး Save Template ကို နှိပ်လိုက်ရုံပါပဲ။style>