Blogger Widgets Twitter Bird Gadget
ဒီနေရာလေးသည်နည်းပညာဖြန့်ဝေပေးနေသောနေရာတစ်ခုမဟုတ်ပါခင်ဗျာ နည်းပညာဘလော့ဆရာများ၏နည်းပညာများအားပြန်ကူးယူထားသောစာအုပ်လေးမျှသာဖြစ်ပါသည် နည်းပညာများကိုကျွန်တော်လိုတဲ့အချိန်အလွယ်အကူ၇ှာဖွေနိုင်အောင်တည်ဆောက်ထားခြင်းသာဖြစ်ပါသည်ခင်ဗျာ တောင်ငူသားလေး
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့အား ဦးထိပ်မှာပန်ဆင်လျှက် လာလည်ကြသူအပေါင်းတို့ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းလျှက်ပါ၊
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 23, 2014

Blog မှာလာလည်သူစာရင်း ထည့်ချင်တဲ့သူများအတွက်

အခုဒီနည်းလေးက အရင်တင်ပေးဖူးတဲ့ ဘလော့မှာ နာရီထည့်တဲ့နည်းနဲ့ အတူတူပါပဲ..။  တောင်းထားတဲ့လူ ရှိလို့ တင်ပေးလိုက်ပါတယ်.. မသိသေးတဲ့သူများ အတွက်တော့ အခက် တွေ့နေအုန်းမှာပါ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ..။ http://flagcounter.com/ ဘယ်လို လုပ်ယူရလဲဆိုတာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဆက်ကြည့်လိုက်ပါဗျာ..
အပေါ်ကလင့်ကနေ ဝင်းသွားလိုက်ရင် အောက်ကပုံမျိုး စာမျက်နှာကို မြင်ရပါလိမ့်မယ်..။ အဲဒီမှာ နံပါတ်တွေနဲ့ အက္ခရာတွေ ပြထားတဲ့ နေရာမှာ မိမိတို့ လိုသလို စိတ်ကြိုက် ပြောင်းလဲ ဖန်တီးယူလို့ ရပါတယ်..။ အပေါ်မှာတခုရွှေ့လိုက်တာနဲ့ အောက်က Visitors အကွက်လေးက လိုက်ပြောင်းနေပါလိမ့်မယ်..။ အဲဒီအကွက်လေးထဲမှာ ပေါ်တဲ့အတိုင်း စိတ်ကြိုက်ဖြစ်ရင် သူ့ရဲ့ HTML ကုဒ်တွေကို ယူပြီး ထည့်ပေးရပါမယ်..။ ဒါဆို မိမိတို့ရဲ့ ဘလော့မှာ အဲဒီပုံလေးအတိုင်း နောက်ခံအရောင်ရော စာလုံးအရောင်တွေပါ အတူတူပေါ်လာမှာပါ..။ နောက်တခုက သူများဘလော့တွေမှာ တင်ထားတာမှန်သမျှ အားလုံးနီးပါးကို မိမိတို့ဘလော့မှာလည်း လိုက်ယူသုံးလို့ ရပါတယ်..။ ဘယ်လိုလဲဆိုတော့ မိမိတို့ သွားလည်နေကြ ဘလော့တွေမှာ လိုချင်တဲ့ Gadget လေးပေါ်ကို မောက်စ်နဲ့ ကလစ်ပြီး ဝင်သွားလိုက်ရင် အခုလိုမျိုး လိုချင်တဲ့ HTML ကုဒ်လေးတွေကို ဖန်တီးယူလို့ ရမှာဖြစ်ပါတယ်..။ အဲဒီအကြောင်းကို အရင်တင်ပေးခဲ့တဲ့ ဘလော့မှာ နာရီထည့်ချင်သူများ အတွက် ဆိုတဲ့ပိုစ့်မှာ ရှင်းပြပေးခဲ့ပြီးပါပြီ.. သေချာမသိသေးတဲ့သူများ ပြန်ကြည့်ပေးပါ..။
အခုအောက်ကပုံလိုမျိုး မိမိတို့စိတ်ကြိုက် ပြုပြင်ပြီးရင် E နေရာကို ကလစ်ပြီး ဝင်သွားလိုက်ပါ..


နောက်တမျက်နှာ ရောက်ရင် အောက်ကပုံလေးကို မြင်ရပါလိမ့်မယ်.. Email လိပ်စာ မပေးချင်ရင်တော့ Skip ကိုနှိပ်ပြီး ကျော်သွားလိုက်ပါ... Email လိပ်စာ ထည့်ချင်ရင်တော့ ၊ ထည့်ပေးလိုက်ပြီး Continue ကို နှိပ်သွားလိုက်ပါ..


နောက်ထပ်စာမျက်နှာ တခုထပ်မြင်ရရင် အောက်ကပုံလိုမျိုး ကြည့်ပြီး လုပ်ပေးလိုက်ပါ..


copy ယူလာတဲ့ HTML ကုဒ်တွေကို အောက်ကပုံလိုမျိုး မိမိတို့ ဘလော့ရဲ့ Design >> Gadget >> HTML/JavaScript ထဲမှာ paste နဲ့ သွားထည့်ပေးပါ..။ 



အပေါ်ကပုံလိုမျိုး HTML ကုဒ်တွေကို paste နဲ့ ထည့်ပေးပြီး D နေရာက Save ကိုနှိပ်ပြီးရင်တော့ မိမိတို့ ဘလာ့မှာ Visitor အကွက်လေး ပေါ်နေပါပြီ.. အဲဒါကို စိတ်ကြိုက် နေရာရွေ့ချင်ရင်တော့ အောက်ကပုံလိုမျိုး ဆက်လုပ်ပေးလိုက်ပါ... 


ပြီးရင်တော့ မိမိတို့ ဘလော့မှာ ပြန်ကြည့်လိုက်ရင် အောက်ကလိုမျိုး ပေါ်နေပါလိမ့်မယ်..။ ပေါ်ခါစမှာတော့ ကိုယ်တစ်ယောက်ပဲ ရှိသေးတဲ့ အတွက် အလံတခုပဲ အရင်မြင်ရမှာပါ..။ နောက်ရက်တွေမှာတော့ အောက်ဆုံးက ပုံလေးတွေလိုမျိုး မြင်တွေ့ရပါလိမ့်မယ်..။



ဒီလောက်ဆိုရင်တော့ အဆင်ပြေလောက်ပါပြီ..

No comments:

Post a Comment