အောက်က ဘောက်စ်ထဲမှာ ပေးထားတဲ့ HTML ကုဒ်တွေ အားလုံးကို အောစလက်ပေးပြီး
copy ယူလိုက်ပါ..။ ပြီးရင် မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ paste
ထည့်ပြီး မှတ်ထားလိုက်ပါ..။
ကျနော်တို့ Blog ကို Log in ဝင်ပြီးတဲ့ အခါ အောက်ကပုံအတိုင်း Layout ကို သွားပါမယ်..။
အပေါ်က ပုံတွေအတိုင်း အဆင့်ဆင့် Layout >> Add a Gadget >> HTML/javaScript နေရာကို ဖွင့်ထားလိုက်ပါ..။
နောက်တဆင့်ကတော့ ကျနော်တို့ Blog ရဲ့ ပိုစ့်အသစ် ဖန်တီးတဲ့နေရာကို
ဝင်လိုက်ပါ..။ ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကျနော် ဖန်တီးထားတဲ့
Animated စာလုံးတွေကို Upload တင်ပါတယ်..။ တင်ပြီးတာနဲ့ Save ကို
တချက်ကလစ်ပေးလိုက်ပါ..။ Auto Save ဖြစ်ပေမယ့် ပိုသေချာအောင် Save ကို
တချက်နှိပ်ပေးလိုက်ပါတယ်..။ Publish စာသားကို လုံးဝ မနှိပ်ပါနဲ့..။
Save ပြီးရင် ဒီအတိုင်းပဲ ထားပေးရမှာပါ..။ Save ထားတဲ့ ပိုစ့်ကို
ဖျက်ပစ်လို့လည်း မရပါ..။ Blog မှာ သိမ်းထားရမှာ ဖြစ်တဲ့အတွက်
Save နှိပ်ပြီးရင် လုံလောက်ပါပြီ..။ ပြီးရင်တော့ အောက်က ပုံတွေအတိုင်း
အဆင့်ဆင့် လုပ်ပေးရအုန်းမှာပါ..။
အပေါ်ပုံမှာ ပြထာတဲ့အတိုင်း မိမိအသုံးပြုလိုတဲ့ Animated ပုံပေါ်မှာ
မောက်စ်မျှားတင် Right Click >> Copy Link Location ( တခြား Browser
တွေမှာ Copy Link Address လို့ပေါ်ပါတယ်..။) စာသားကို တချက်ကလစ်လိုက်ပါ..။
ပြီးရင် မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ အောက်ကပုံအတိုင်း paste နဲ့ ထည့်ပြီး အရင်မှတ်ထားလိုက်ပါ..။
နောက်တဆင့်ကတော့ ကျနော် အပေါ်မှာ ဘောက်စ်လေးနဲ့ ပေးထားတဲ့ HTML ကုဒ်တွေကို
copy ယူပြီး အောက်မှာ ပြထားတဲ့ အတိုင်း Animated စာလုံးရဲ့ လင့်နဲ့ မိမိရဲ့
နာမည်၊ မိမိ Blog ရဲ့ လိပ်စာတွေကို ပြောင်းထည့်ပေးလိုက်ပါ..။
(ဥပမာ.. မိမိတို့ Blog Post မှာ Upload တင်ထားတဲ့ Animated စာလုံးရဲ့ လင့်က ဒီအတိုင်း ဖြစ်နေပါလိမ့်မယ်.. https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieShKzaTWfWM1kzN14wjIVqHpSBAKU9Mrsg1sbwHwZfALdQxHL4ToAUsWywQGg-8AalRxKKjkxAfMf6G-rucpeQr2hBQ245DLrc4gIMxPYLAVZ82iB2XkTeFysTApk8ZtXDM4K8tnh6eE/s1600/lwinminbo.icon..gif
အဲ့ဒီလင့်ကို အောက်ကပုံမှာ အနီရောင်နဲ့ ပြပေးထားတဲ့ လင့်နေရာမှာ
အစားထိုး၊ ပြောင်းထည့်ပေးရမှာပါ..။ ) အပြာရောင်နဲ့ အစိမ်းရောင်
နေရာတွေမှာတော့ မိမိနာမည်နဲ့ မိမိရဲ့ Blog
လိပ်စာကို ပြောင်းထည့်ပေးလိုက်ပါ..။ ကြည့်ရရှင်းအောင် စာကြောင်းတွေ
ချဲပြပေးထားတာပါ..။ Blog မှာ ထည့်ရင်တော့ စာကြောင်းမချဲပဲ ထည့်ပေးပါ..။
<div class="grab-button" style="center">
<img src="http://i1250.photobucket.com/albums/hh524/lwinminbo/fcf52fc2.gif" alt="Lwinminbo" width="200" height="50" />
<!--end grab button header -->
<!-- button code box -->
<textarea class="button-markup" rows="2" cols="28">
<div class="Lwinminbo" style="center">
<a href="http://lwinminbo.blogspot.com/">
<img src="http://i1250.photobucket.com/albums/hh524/lwinminbo/fcf52fc2.gif" alt="Lwinminbo" width="200" height="50" />
</a>
</div><!--end button code box-->
</textarea>
</div> <!--end grab-button -->
ပြီးရင်တော့ အပေါ်ပိုင်း အဆင့်မှာ ပြပေးထားတဲ့အတိုင်း Layout >> Add a Gadget >> HTML/javaScript နေရာကို ပြန်ဝင်ပြီး
၊ ပြန်သွားပြီး အောက်ကပုံလေးတွေ အတိုင်း မိမိပြောင်းလဲထားတဲ့ HTML
ကုဒ်တွေကို copy-paste နဲ့ ထည့်ပြီး Save နှိပ်ပေးလိုက်ပါ..။
အပေါ်ပုံ Title နေရာမှာတော့ မိမိတို့ ရေးချင်တာကို ရေးထည့်လိုက်ပါ..။
ပြီးရင် Save ကို နှိပ်ပေးလိုက်ပါ..။ အောက်ကပုံအတိုင်း အခုဖန်တီးလိုက်တဲ့
Button Gadget လေးကို မိမိ Blog ရဲ့ ထားလိုတဲ့ နေရာကို မောက်စ်နဲ့
ဖိဆွဲပြီး ရွှေ့ထားလိုက်ရင် ရပါပြီ..။ ပြီးရင်တော့ Save arrangement
စာသားကို တချက်နှိပ်ပေးလိုက်ပါ..။ မိမိတို့ Blog ကို Refresh (or) View
Blog နဲ့ ပြန်ကြည့်လိုက်ရင်.. အခုကျနော့် Blog ညာဘက်မှာ ပေါ်နေသလိုမျိုး
Animated စာလုံးလေးနဲ့ ကုဒ်ဘောက်စ်လေး ပေါ်နေပါပြီ..။
မိမိတို့ Blog ရဲ့ Posts နေရာကို ကလစ်ပြီး
ကြည့်လိုက်ရင်တော့ အောက်ကပုံမှာ ပြထားတဲ့ ကျနော့် Blog မှာ မြင်ရတဲ့
အတိုင်း Draft စာသားနဲ့ အတူ ရှိနေပါလိမ့်မယ်..။ ဒီအတိုင်းပဲ
ထားပေးရမှာပါ..။ နောက်ထပ် Animated စာလုံးအသစ်တွေ ထပ်ဖန်တီးပြီးတဲ့
အခါမှာလည်း ဒီ Draft ပိုစ့်ထဲမှာ ထပ်ထည့်သိမ်းထားလို့ ရပါသေးတယ်..။ ပုံတွေ
တင်ပြီးတဲ့ အခါတိုင်း Save နှိပ်ပြီး Draft ထဲမှာ သိမ်းထားခြင်းဖြင့်
မိမိတို့ရဲ့ Animated ပုံလေးတွေကို သက်ဝင်လှုပ်ရှားနေစေပါတယ်..။
ဒီနေ့ပိုစ့်ကတော့ ဒီမှာတင် ပြီးသွားပါပြီ..။ Blogger လူသစ်များအားလုံး
အဆင်ပြေစွာ လုပ်တတ်ကိုင်တတ်၍ နည်းပညာများ တိုးတက် အောင်မြင်ပါစေ..။










No comments:
Post a Comment