Blogger Widgets Twitter Bird Gadget
ဒီနေရာလေးသည်နည်းပညာဖြန့်ဝေပေးနေသောနေရာတစ်ခုမဟုတ်ပါခင်ဗျာ နည်းပညာဘလော့ဆရာများ၏နည်းပညာများအားပြန်ကူးယူထားသောစာအုပ်လေးမျှသာဖြစ်ပါသည် နည်းပညာများကိုကျွန်တော်လိုတဲ့အချိန်အလွယ်အကူ၇ှာဖွေနိုင်အောင်တည်ဆောက်ထားခြင်းသာဖြစ်ပါသည်ခင်ဗျာ တောင်ငူသားလေး
ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့အား ဦးထိပ်မှာပန်ဆင်လျှက် လာလည်ကြသူအပေါင်းတို့ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းလျှက်ပါ၊
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 23, 2014

Blogger များအတွက် Post နေရာနဲ့ Comments နေရာတွေမှာ မိမိပြန်ညွှန်းလိုတဲ့ ဆိုဒ်လိပ်စာတွေကို Buttons လေးတွေနဲ့ Links အရှင်ဖြစ်အောင်ထည့်နည်း

ဒီနေ့တော့ ဒီလုပ်နည်းလေးကို ပိုစ့်တခုအနေနဲ့.. Blogger လူသစ်တွေအတွက် လုပ်တတ်အောင် ၊ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ ဒီလင့်အရှင် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ HTML ကုဒ်တွေကို Blog ပိုစ့်နေရာမှာတင်မကပါဘူး.. Blog Comments တွေမှာပါ ထည့်ပြီး လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ ပိုစ့်နေရာတွေမှာတော့ Buttons လေးတွေနဲ့ ဖန်တီးပေးလို့ ရမှာဖြစ်ပြီး Comments နေရာမှာဆိုရင်တော့ Buttons တွေကို အသုံးပြုလို့ မရနိုင်ပါဘူး..။ ဒါပေမယ့် Blog Comments နေရာတွေမှာလည်း လင့်အရှင်တွေကို ဖန်တီးပေးနိုင်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။
အောက်က HTML ကုဒ်တွေနဲ့ ဖေါ်ပြပေးထားတဲ့ စာကြောင်း ၂-ကြောင်းမှာ အပေါ်စာကြောင်းကတော့ Buttons လေးတွေနဲ့ လင့်အရှင်လေး ပေါ်နေစေမှာဖြစ်ပြီး.. အောက်က ဒုတိယ စာကြောင်းကတော့ ရိုးရိုး လင့်အရှင်နဲ့ပဲ စာကြောင်းလေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်..။ မြန်မာလို ရေးပေးထားတဲ့ စာကြောင်း အနီရောင် နေရာတွေမှာ (မိမိသွားရောက်စေချင်တဲ့ဆိုဒ်လိပ်စာထည့်ပါ) Address လို့ခေါ်တဲ့ ဝဘ်ဆိုဒ်တွေရဲ့ လိပ်စာကို ထည့်ပေးရမှာ ဖြစ်ပြီး .. နောက်ကစာသားနေရာမှာတော့ မိမိတို့ စိတ်ကူးရှိသလို (ဒီနေရာမှာ/ဒီလင့်မှာ) စသဖြင့် ကြိုက်သလို ထည့်ပေးနိုင်ပါတယ်..။ လုပ်နည်းကို အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..

 <a href="မိမိသွားရောက်စေချင်တဲ့ဆိုဒ်လိပ်စာထည့်ပါ"><button>ဒီနေရာမှာ</button></a>
 <a href="မိမိသွားရောက်စေချင်တဲ့ဆိုဒ်လိပ်စာထည့်ပါ">ဒီလင့်မှာ</a>

အောက်ကပုံမှာ ပြထားတာကတော့ ဒီပိုစ့်ကနေ အရင်ပိုစ့်အဟောင်းကို အလွယ်သွားရောက် လေ့လာလို့ ရအောင် Button လေးနဲ့ လင့်အရှင်လေး ဖန်တီးပေးလိုက်တာပါပဲ..။ အပေါ်ကစာသားနေရာတွေထဲမှာ အောက်ကပုံလေးအတိုင်း လင့်တွေကို copy ယူပြီး ထည့်ပေးလိုက်ပါ..။
အောက်ကပုံအတိုင်း လင့်အရှင်ဖြစ်မယ့် ကုဒ်တွေကို ဖန်တီးပြင်ဆင်ပြီးသွားရင်တော့ cut နဲ့ ယူပြီး HTML ထဲမှာ သွားထည့်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း ကုဒ်တွေကို ထည့်ပေးပြီးရင်တော့ Compose ကနေ ပြန်ကြည့်ပြီး ပိုစ့်ကို ပြီးအောင် ဆက်ရေးလို့ ရပါပြီ..။



Button လေးနဲ့ လင့်အရှင်လေး ဖန်တီးပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပိုစ့်ကို ဆက်ရေး၊ ပြင်ဆင်ပြီး Publish နေရာကို နှိပ်လိုက်ရင်တော့.. Blog မှာ ပေါ်လာမယ့် ပိုစ့်တွေမှာ.. မိမိ ပြန်ညွှန်းလိုက်တဲ့ လင့်နေရာမှာ Button လေးနဲ့ ပေါ်နေမှာ ဖြစ်ပါတယ်..။ လင့်အရှင်တွေကို Button လေးတွေနဲ့ မပေါ်စေချင်ရင်တော့ ကျနော်ပေးထားတဲ့ HTML ကုဒ်၂-ခုထဲက ဒုတိယ တခုနဲ့ အသုံးပြုနိုင်ပါတယ်..။




အပေါ်ကပုံအတိုင်း Button လေးနဲ့ မြင်နေရပါပြီ..။ အောက်ကအပုံလေးတွေကတော့ Blog Comments တွေမှာ လင့်တွေ ပြန်ပေးလိုတဲ့အခါ ဒီအတိုင်း ဆိုဒ်လိပ်စာ လင့်ကို ထည့်ပေးလိုက်ရင် လင့်အရှင်နဲ့ မပေါ်ပါဘူး..။ ဒါကြောင့် Button မပါတဲ့ အပေါ်ဆုံးက ဒုတိယ စာကြောင်းဖြစ်တဲ့ HTML ကုဒ်တွေနဲ့ ထည့်ပေးရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ Blog Comments နေရာမှာလည်း ဆိုဒ်လိပ်စာတွေကို လင့်အရှင်နဲ့ ပေါ်နေစေမှာ ဖြစ်ပါတယ်..။


အောက်ကပုံကတော့ Notepad နဲ့ မြန်မာစာနဲ့ လင့်တွေကို ဖန်တီးပြီးမှ Comment နေရာမှာ copy ယူပြီး ထည့်ပေးလိုက်တာပါ..။ အရင်ဆုံး မိမိအသုံးပြုနေတဲ့ Browser မှာ မိမိရဲ့ Gmail ကို အရင်ဖွင့်ဝင်ထားဖို့ လိုပါတယ်..။ ဒါမှသာ ကျနော့်ရဲ့ Blog လို တခြား Blog တွေမှာလည်း Comments တွေပေးခဲ့လို့ ရမှာ ဖြစ်ပါတယ်..။



Comments as မှာ မိမိရဲ့ Google Account ကို ရွေးထားလိုက်ပါ..။ Preview ကနေ လင့်ပေါ်မပေါ် ပြန်ကြည့်လိုက်တာပါ..။ လင့်မပေါ်သေးရင် ပြန်ပြင်လို့ ရပါတယ်..။ စိတ်ကြိုက်ဖြစ်သွားရင်တော့ အောက်ကပုံအတိုင်း Publish ကနေ Comment ကို တင်ပေးလိုက်လို့ ရပါပြီ..။


အောက်ကပုံအတိုင်း Blog Comment မှာလည်း လင့်အရှင်လေးနဲ့ ပေါ်နေပါပြီ..။ 



 ဒီလောက်ဆိုရင်တော့ ပိုစ့်တွေနဲ့ Comments တွေမှာ လင့်အရှင်တွေနဲ့ ဆိုဒ်လိပ်စာတွေကို ဖန်တီးယူလို့ တတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေပါစေ..။

No comments:

Post a Comment